အေးချမ်းသာယာရွှေသန္တာမှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday, 7 September 2012

တစ်ခေါက်လောက်သာ

လောကသဘာဝ
ရေများရေနိုင် မီးများမီးနိုင်
ထင်ရာကိုကောက်ချက်ချ
အမှန်တရားတွေကို မျိုသိပ်
နီးရာကို ဖမ်းကိုင်

ဂျစ်ကန်ကန် သဘောတရား
သီအိုရီမှတ်စု အစုတ်နဲ့
အတ္တကို ရှေ့တန်းတင်
အမှန်တရားတွေပြေးထွက်
အလင်းရောင်ပျောက်တဲ့
လမ်းဟောင်းကြီးထဲမှာ
ဘာတွေကို ယိုးမယ်ဖွဲ့ရမလဲ…၊
တခဏတာ ဘ၀ခရီးမှာ
တစ်ခါလောက်ပဲဖြစ်ဖြစ်
အမှန်တရားကို လက်ခံပေးပါလား။

ရာမောင်သားချေ။

မှတ်ချက်။ ။ ဒီကဗျာကို “ဦးစန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်း (UCMSWT)” မှ ဓမ္မဒါနအဖြစ် ထုတ်ဝေဖြန့်ချိသော ” မဇ္ဈိမတံခွန် မဂ္ဂဇင်း” “အမှတ်စဉ် (၁)”မှ ကူးယူဖော်ပြပါသည်။

Template by:

Free Blog Templates