နာလန္ဒာတရုပ်ကျောင်း ( Nalada Chiness Buddhist Temple) ဆရာတော် ဘဒ္ဒန္တဒေါက်တာ ပညာလင်္ကာရ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ၏ သြဝါဒကထာ
အဖွဲ့အစည်းတိုင်းမှာ Unity- ညီညွတ်မှုနဲ့ Co-operation- စုပေါင်းဆောင်ရွက်မှုတို့ဟာအလွန် အရေးကြီးပါတယ်။ ဒီနေ့ Buddhist association တွေမှာ အဲဒါတွေက
သိပ်အားနည်းနေတာကို တွေရတယ်။ ဘာသာရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းလို့ ဆိုပေမဲ့ ညီညွတ်မှုလည်း မရှိကြဘူး။ လုပ်တဲ့နေရာမှာလည်း တစ်ယောက်တစ်ပေါ က်ဖြစ်နေကြတာတွေများတယ်။ ဒါကြောင့် ညီညွတ်မှုအင်အား စုပေါင်းဆောင်ရွက်မှုအင်အားတွေ အများကြီးလိုအပ်နေတယ်။ တစ်ဦးတစ်ယောက်တည်း တော်တာ ကောင်းတာတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ တစ်ဦးတစ်ယောက်ရဲ့ အင်အားနဲ့ အလုပ် လုပ်တာထက် ညီညီညွတ်ညွတ် စုပေါင်းဆောင်ရွက်တာက ပိုပြီးထိရောက်ပါတယ်။နောက်ပြီး ပညာတက်မှုအပိုင်းလည်း အလွန်အရေးကြီးပါတယ်။ နှုတ်မှု လက်မှု အတက်ပညာရပ်တစ်ခုခုကိုတော တက်မြောက်အောင် သင်သင့်ကြတယ်။ စိတ်ဝင်စားလို့ရှိရင် လေ့လာသင်ယူလို့ရတဲ့ ပညာရပ်တွေ အများကြီးပါပဲ။ အဲဒီလို ခေတ်မှီတဲ့ ပညာရပ်တွေကို တက်မြောက်ကျွမ်းကျင်လို့ရှိရင် ဘယ်နေရာမှာမဆို ဘဝကို ရပ်တည်လို့ ရသလို မိမိနေသွားမယ့် ပတ်ဝန်းကျင် လောကကိုလည်း အများကြီး အထောက်အကူပြုနိုင်တယ်။ ဒါကြောင့် ဘယ်ပညာရပ်ကိုမဆို အထင်မသေးကြနဲ့၊ ပညာသင်နေတဲ့ အချိန်မှာလည်း တစ်ခုခုကို ကျွမ်းကျင်အောင် လေးလေးစားစား သင်ယူကြပါလို့ တိုက်တွန်းလိုပါတယ်။
ဤနေရာမှကူးယူဖော်ပြပါသည်။WWW.UCMSWT.ORG