အလင်းကိုဆောင် အမှောင်ကိုခွင်း
မဇ္ဈိမတံခွန် မဂ္ဂဇင်းဟု
အမည်တွင်လာ ဥယျာဉ်သာဝယ်
အမျိုးဘာသာ သာသနာတွက်
ကာလာမျိုးစုံ ဒီဇိုင်းစုံဖြင့်
ရနံ့လှိုင်စွာ ပန်းတကာတို့
ဖူးပွင့်ဝေဆာ ပွင့်လန်းလာသည်
အားရဖွယ်ရာ မုဒိတာ…..။
ဖူးပွင့်ဝေဆာ ဥယာဉ်သာမှ
မျိုးဆက်သစ်လွင် ၀ါသနာရှင်
မျိုးဆက်သစ်လွင် ပညာရှင်တို့
ဘာသာအရေး ရှေ့နောက်တွေးပြီး
သာသနာရေး ရှေ့နောက်တွေးပြီး
ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ဖြင့်
ကြား, မြင်, သုတ ကဏ္ဍစုံစွာ
ရှာဖွေတင်ပြ ရေးခြစ်ကြသည်
ကျေနပ်ဖွယ်ရာ မုဒိတာ…..။
ဘာသာကိုချစ် မျိုးဆက်သစ်တို့
သာသနာကိုချစ် မျိုးဆက်သစ်တို့
ဆန်းစစ်လေ့လာ သင့်ဘာသာအား(၏)
အနာဂတ်ကျိုး ဖွံ့ဖြိုးတိုးအောင်
ရှင်သန်နိုးထ ဇွဲလုံးလဖြင့်
ကျရာတာဝန် နိုင်ရာဝန်ထမ်း
သမိုင်းတာဝန် ကျေပွန်ကြသည် ဆိုပါလျှင်
မဟာမုဒိတာ ပွါးမိပါကြောင်း…။ ။
မိုးကြိုး(၀ံသရက္ခိတ)
ဘူးရွှေမော် တောင်ကုတ်
မှတ်ချက်။ ။ ဒီကဗျာကို “ဦးစန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်း (UCMSWT)” မှ ဓမ္မဒါနအဖြစ် ထုတ်ဝေဖြန့်ချိသော ” မဇ္ဈိမတံခွန် မဂ္ဂဇင်း” “အမှတ်စဉ် (၁)”မှ ကူးယူဖော်ပြပါသည်။
ဤနေရာမှကူယူဖော်ပြပါသည်။ www.ucmswt.org
မဇ္ဈိမတံခွန် မဂ္ဂဇင်းဟု
အမည်တွင်လာ ဥယျာဉ်သာဝယ်
အမျိုးဘာသာ သာသနာတွက်
ကာလာမျိုးစုံ ဒီဇိုင်းစုံဖြင့်
ရနံ့လှိုင်စွာ ပန်းတကာတို့
ဖူးပွင့်ဝေဆာ ပွင့်လန်းလာသည်
အားရဖွယ်ရာ မုဒိတာ…..။
ဖူးပွင့်ဝေဆာ ဥယာဉ်သာမှ
မျိုးဆက်သစ်လွင် ၀ါသနာရှင်
မျိုးဆက်သစ်လွင် ပညာရှင်တို့
ဘာသာအရေး ရှေ့နောက်တွေးပြီး
သာသနာရေး ရှေ့နောက်တွေးပြီး
ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ဖြင့်
ကြား, မြင်, သုတ ကဏ္ဍစုံစွာ
ရှာဖွေတင်ပြ ရေးခြစ်ကြသည်
ကျေနပ်ဖွယ်ရာ မုဒိတာ…..။
ဘာသာကိုချစ် မျိုးဆက်သစ်တို့
သာသနာကိုချစ် မျိုးဆက်သစ်တို့
ဆန်းစစ်လေ့လာ သင့်ဘာသာအား(၏)
အနာဂတ်ကျိုး ဖွံ့ဖြိုးတိုးအောင်
ရှင်သန်နိုးထ ဇွဲလုံးလဖြင့်
ကျရာတာဝန် နိုင်ရာဝန်ထမ်း
သမိုင်းတာဝန် ကျေပွန်ကြသည် ဆိုပါလျှင်
မဟာမုဒိတာ ပွါးမိပါကြောင်း…။ ။
မိုးကြိုး(၀ံသရက္ခိတ)
ဘူးရွှေမော် တောင်ကုတ်
မှတ်ချက်။ ။ ဒီကဗျာကို “ဦးစန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်း (UCMSWT)” မှ ဓမ္မဒါနအဖြစ် ထုတ်ဝေဖြန့်ချိသော ” မဇ္ဈိမတံခွန် မဂ္ဂဇင်း” “အမှတ်စဉ် (၁)”မှ ကူးယူဖော်ပြပါသည်။
ဤနေရာမှကူယူဖော်ပြပါသည်။ www.ucmswt.org