အေးချမ်းသာယာရွှေသန္တာမှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday, 29 December 2012

ကိုယ် ၂ ထပ်ကျော့[သံဝေဂတေးထပ်]

      ၁။  ကိုယ့်ကိုယ် ကိုယ်သနားက ၊ ကိုယ်တရား ကိုယ်ခင်
ကိုယ်အမှား ကိုယ်ပြင်လျှင် ၊ ကိုယ့်ကိုယ်ပင် ကိုယ်ချစ်။
ကိုယ့်ပြုသမျှ ကိုယ်နုမှာပင် ၊ ကိုယ့်ပြုရာ ကိုယ့်အဖြစ်။
      ၂။  ကိုယ့်သတိ ကိုယ်ရှိပါလျှင် ၊ ကိုယ့်၏ကိုယ်စစ်။
ကိုယ့်ကိုယ်ပင် ကိုယ်ပစ်လို့ ၊ ကိုယ့်အဖြစ် ကိုယ့်နောင်ခါ
ကိုယ့်နိဗာန် ကိုယ်မရောက်က ၊ ကိုယ်လျှောက်ရ ကိုယ့်သံသရာ။
      ၃။  ကိုယ့်နောင်ရေး ကိုယ်တွေးပါလျှင် ၊ ကိုယ့်အရေးမှာ
ကိုယ်ကောင်းရာမို့ 
ကိုယ်ကောင်းမှ ကိုယ့်ချမ်းသာ ၊ ကိုယ့်နိဗူကိုယ့်ရှာ။
ကိုယ့်စိတ်ရှု ကိုယ်ကျိုးပါအောင် ၊ ကိုယ်ကိုးရာ ကိုယ်ကောင်းဘို့ လေး။
    အရှင်တေဇနိယ
ဗဟန်း။ ရန်ကုန်

Tuesday, 18 December 2012

စင်္ကာပူအမှတ်တရဓာတ်ပုံ

၂၀၁၁..စင်္ကာပူရောက်ခဲ့စဉ်က။

စုန္ဒရွှေပန်းထိန်သည်အိပ်နေရာ..ပါဝါပြည်။

Wednesday, 10 October 2012

ပတ္တနားမြို့ တတိယသင်္ဂါယနာတင်ခဲ့တဲ့နေရာဖြစ်ပါသည်။

၂၀၁၂ ခုနှစ် ဘုရားဖူးေ၇ာက်ခဲ့စဉ်အမှတ်တရဓာတ်ပုံ။

Tuesday, 25 September 2012

ဗာရာဏသီအမှတ်တရပုံ

၂၀၁၂ နေ့ ။

မြတ်စွာဘုရား၏ ကိုယ်စား ရုပ်ပွားတော်ကို ကိုးကွယ်ရာတွင့်မှတ်သားသင့်သည့်အချက်များ




မြတ်စွာဘုရား၏ ကိုယ်စား ရုပ်ပွားတော် ကိုးကွယ်သူများ
သိသင့်သိထိုက်သော အချက်အလက်
(၁) မြတ်စွာဘုရား၏ ကိုယ်စားတော် ဆင်းတု ရုပ်ပွားတော်များသည် ၊ မည်သည့်ကာလအချိန်မှ စတင်ပေါ်ပေါက်လာသည် ။
(၂) ဆင်းတု ရုပ်ပွားတော်များအဖြစ် ထုလုပ် သွန်းလောင်းအပ်သောအရာများသည် မည်သည့်အရာများဖြစ်သည် ။
(၃) ဆင်းတု ရုပ်ပွားတော်များကို မည်ကဲ့သို့သော ပုံသဏ္ဌာန်မျိုးကို ထုလုပ်အပ်သည် ။
(၄) ထုလုပ်ရာတွင် မည့်သည့်အချက်များကို သတိပြု ဂရုထားအပ်သည်တို့ ဖြစ်ကြ၏ ။
() မြတ်စွာဘုရား၏ ဆင်းတုရုပ်ပွားတော်များ စတင်ပေါ်ပေါက်လာပုံမှာ ဤသို့ဖြစ်၏
တစ်နေ့သ၌ ပေဿနဒီ ကောသလမင်းကြီးသည် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ရန် ဇေတ၀န်ကျောင်းတော်သို့ သွားရောက်ခဲ့လေရာ မြတ်စွာဘုရားသခင်သည် ၀ါပအခါတွင် ဒေသစာရီကြွချီတော်မူမြဲအတိုင်း ကြွချီတော်မူ၏ ။ ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရားသခင် ရှိတော်ခိုက်မဟုတ်သဖြင့်မဖူးမတွေ့ရသည်နှင့် မင်းကြီးသည် စိတ်တော်ညိုးနွမ်းကာ ကျောင်းတော်ကို ဆီ မီး ပန်း နံ့သာတို့ဖြင့်ပူဇော်ပြီး နန်းတော်သို့ပြန်လည်ကြွခဲ့ရလေသည် ။ မြတ်စွာဘုရားလည်း ဒေသစာရီကြွချီရာမှ ဇေတ၀န်ကျောင်းတော်သို့ ပြန်ရောက်တော်မူခဲ့ရာ ဗုဒ္ဓပြန်လည်ရောက်ရှိတော်မူပြီဟု မင်းကြီးကြားသိလျှင် မှူးမတ်ဗိုလ်ပါခြံရံလျက် မြတ်စွာဘုရားထံ သွားရောက်ပြီး ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသောရှင်တော်မြတ်ဘုရား

ဗုဒ္ဓဘာသာဝင်တိုင်းလေ့လာမှတ်သားရမည်တရားများ


                          “ အပါယ်လေးပါး ”
 (၁) ငရဲ = ချမ်းသာအနည်းငယ်မျှ မရှိဘဲ၊ မီးတောက်မီးလျှံ၊ ဒါးလှံစက်တို့၌ ခံရခြင်းကို“ငရဲ”ဟု
ခေါ်ပါသည် ။
(၂) တိရစ္ဆာန်= တရားမသိ၊ စားခြင်း၊ အိပ်ခြင်း၊ မေထုန်မှီဝဲခြင်းကိုသာ သိသောသတ္တ၀ါ ၊
မဂ်-ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော “သတ္တ၀ါ” ။

(၃) ပြိတ္တာ= ချမ်းသာသုခမှ ကင်းဝေးသောဖုတ်တစ္ဆေ စသော သတ္တ၀ါ ။
(၄) အသူရကာယ်= စည်းစိမ်ချမ်းသာမြူးတူးခြင်း စသည်တို့ဖြင့် မမြူးတူးမထွန်းပတတ်သော“သတ္တ၀ါ”

                         “ ကပ်သုံးပါး ”
(၁) ဒုမ္ဘိက္ခန္တရကပ် = အစာခေါင်းပါး ငတ်မွတ်ခြင်းကြောင့် များစွာသေကြေပျက်စီးခြင်း ။
(၂) သတ္တန္တရကပ် = သေစေတတ်သော ဓါး၊ လှံ၊ သေနတ်၊ စသောလက်နက်တို့ဖြင့်၊ အချင်းချင်း
တိုက်ခိုက်ထိုးခုတ်၍ များစွာသေကြေပျက်စီးခြင်း ။
(၃) ရောဂန္တရကပ်= ကူးစက်တတ်သော အနာရောဂါ ကျရောက်သဖြင့် မျာစွာသေကြေပျက်စီးခြင်း ။ ။


·   မဂ်ဖိုလ် နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ဟုခေါ်ပါသည်

Template by:

Free Blog Templates