ခန္ဓာဟုဆို၊ဖြစ်ပြီးကိုယ်၏
၊အိုသေနာများ ၊ဤတရားကို၊ များများစိတ်မှာ၊ ပူဆာသောက၊ မကြောင့်ကြနှင့်၊
ဖြစ်ကမချွတ်၊ ပျက်လတ္တံ့တည်း။
ယုတ်မာဆိုးကောင်း၊
ကျင့်မကောင်းကို၊ မှားကြောင်းတစိ၊ သိလျှင်သိချင်း၊ စွန့်ပယ်လျှင်းလော့။
အတင်းယူစွဲ၊
ဖားမြွေခဲသို့၊ အမြဲမှတ်သို၊ မစွန့်လိုကို၊ ဤကိုယ်သုခ၊ နောင်မရဘူး။
[ မဃဒေ၀လင်္ကာ]