မျှော်လင်းချက်မဲ့ခဲ့တဲ့ ခရီးတိုင်းဟာ
လွဲချော်မှုတို့က နေရာယူကြတယ်။
နင်းချလိုက်တဲ့ ခြေရာတွေလည်း
ပျောက်ဆုံးမှုတို့နဲ့ အစားထိုးနေတယ်။
ပြင်းထန်လွန်းတဲ့ တိုက်ခိုက်မှုက
ဘ၀တစ်သက်စာတွက် ဆီးကြိုနေကြလေရဲ့။
တကယ်တော့ ဘ၀ဆိုတာစာ
လေယူရာပါသွားတဲ့ အသက်မဲ့တဲ့
သစ်ရွက်တစ်ရွက် မဟုတ်လေတော့
အသက်ရှိသူတိုင်း မျှော်ငေးကြမှာပါ။
အသင့်ပြင်ထားတဲ့ ငါ့အသိစိတ်တွေဟာ
ဟန်ဆောင်မှုကင်းမဲ့စွာနဲ့
မလှပတဲ့ အနာဂတ်ကို ထုဆစ်ဖို့အတွက်
အချိန်များပေးအုံးမလား။
ရင်ထဲက ပူဆာနေတာကို
အရိပ်မဲ့ရင်ခွင်တွေက ဆီးကြိုနေဦးမလား။
ဘ၀တစ်ကွေ့မှာ အားရက်ရရင်
ငါပြန်လည်လို့ ထုဆစ်ခွင့်ရချင်တယ်။
(ဟိတကာရီ) အရှင်ကုဏ္ဍလ
မှတ်ချက်။ ။ ဒီကဗျာကို “ဦးစန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်း (UCMSWT)” မှ ဓမ္မဒါနအဖြစ် ထုတ်ဝေဖြန့်ချိသော ” မဇ္ဈိမတံခွန် မဂ္ဂဇင်း” “အမှတ်စဉ် (၁)”မှ ကူးယူဖော်ပြပါသည်။
ဤနေရာမှကူးယူ ဖော်ပြပါသည်။www.ucmswt.org