ဒက္ခိဏာဝိဘင်္ဂသုတ်
အပိုင်း {၁ }
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံ ကျောင်း၌ သီတင်းသုံး နေတော်မူ၏။
ထိုအခါ မဟာပဇာပတိဂေါတမီသည် အသစ်ဖြစ်သော အဝတ်အစုံကို ယူ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်ကာ ''မြတ်စွာဘုရား အကျွန်ုပ်သည် အသစ်ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရားကို ရည်စူး၍ ကိုယ်တိုင်ငြင်း ကိုယ်တိုင်ရက် ထားပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရား သည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်မ၏ ထိုအဝတ်အစုံကို အလှူခံ တော်မူ ပါလော့'' ဟု ဤစကားကို လျှောက်ထား၏။
ဤသို့လျှောက်သည်ရှိသော် မြတ်စွာဘုရားသည် မဟာပဇာပတိဂေါတမီကို ''ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည် ရှိသော် ငါ့ကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့''ဟု ဤစကားကို မိန့်တော်မူ၏။
မဟာပဇာပတိဂေါတမီသည် နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားကို ...
''မြတ်စွာဘုရား အကျွန်ုပ်သည် ဤအသစ်ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရား ကို ရည်စူး၍ ကိုယ်တိုင်ငင် ကိုယ်တိုင်ရက် ထားပါ၏၊ မြတ်စွာဘုရားသည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုအဝတ်အစုံကို အလှူခံတော် မူပါလော့'' ဟု ဤစကားကို လျှောက်ထားပြန်၏။ မြတ်စွာဘုရားသည် နှစ်ကြိမ် မြောက်လည်း မဟာပဇာပတိဂေါတမီကို ''ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည် ရှိသော် ငါ့ကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့'' ဟု ဤစကားကို မိန့်တော်မူ၏။
မဟာပဇာပတိဂေါတမီသည် သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားကို။ ပ ။ 376
ဤသို့ မိန့်တော်မူသည် ရှိသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား...
''မြတ်စွာဘုရား မြတ်စွာဘုရားသည် မဟာပဇာပတိဂေါတမီ၏ အသစ်ဖြစ်သော အဝတ်အစုံကို အလှူခံတော် မူပါလော့၊
ညမြတ်စွာဘုရား မဟာပဇာပတိဂေါတမီ သည် မြတ်စွာဘုရားအားကျေးဇူးများပါ၏၊ မိထွေး ဖြစ်ပါ၏၊ မြတ်စွာဘုရားကို ကြီးပွါးစေပါ၏၊ ကျွေးမွေးပါ၏၊ နို့ရည်ကို ပေးသူဖြစ်ပါ၏၊ မယ်တော် နတ်ရွာစံသည် ရှိသော် မြတ်စွာဘုရားကို နို့တိုက်ပါ၏၊
မြတ်စွာဘုရားသည်လည်း မဟာပဇာပတိဂေါတမီအား ကျေးဇူးများပါ၏၊
မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည်
ဘုရားကို ဆည်းကပ်ပါ၏၊
တရားကို ဆည်းကပ်ပါ၏၊
သံဃာကို ဆည်းကပ်ပါ၏၊
အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏၊
မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ပါ၏၊
ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏၊
မုသား ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏၊
သေရည်သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏၊
မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည်...
ဘုရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊
တရား၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊
သံဃာ၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊
အရိယာတို့သည် နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံ၏။
ဒုက္ခသစ္စာ၌ ယုံမှားကင်း၏၊
ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ ယုံမှားကင်း၏၊
ဒုက္ခချုပ်ရာ နိရောဓသစ္စာ၌ ယုံမှားကင်း၏၊
ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော မဂ္ဂသစ္စာ၌ ယုံမှားကင်း၏၊
မြတ်စွာဘုရားသည်လည်း မဟာပဇာပတိဂေါတမီအား ကျေးဇူးများပါ၏'' ဟု ဤစကားကို လျှောက်ထား၏။ 377
မြတ်စွာဘုရားသည်လည်း မဟာပဇာပတိဂေါတမီအား ကျေးဇူးများပါ၏၊
မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည်
ဘုရားကို ဆည်းကပ်ပါ၏၊
တရားကို ဆည်းကပ်ပါ၏၊
သံဃာကို ဆည်းကပ်ပါ၏၊
အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏၊
မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ပါ၏၊
ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏၊
မုသား ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏၊
သေရည်သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏၊
မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည်...
ဘုရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊
တရား၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊
သံဃာ၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊
အရိယာတို့သည် နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံ၏။
ဒုက္ခသစ္စာ၌ ယုံမှားကင်း၏၊
ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ ယုံမှားကင်း၏၊
ဒုက္ခချုပ်ရာ နိရောဓသစ္စာ၌ ယုံမှားကင်း၏၊
ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော မဂ္ဂသစ္စာ၌ ယုံမှားကင်း၏၊
မြတ်စွာဘုရားသည်လည်း မဟာပဇာပတိဂေါတမီအား ကျေးဇူးများပါ၏'' ဟု ဤစကားကို လျှောက်ထား၏။ 377
အာနန္ဒာ ဤစကားသည် ဤအတိုင်းမှန်၏၊ အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဘုရားကို ဆည်းကပ်ခြင်းသို့ ရောက်၏၊ တရားကို ဆည်းကပ်ခြင်းသို့ ရောက်၏၊ သံဃာကို ဆည်းကပ်ခြင်းသို့ ရောက်၏။ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေ ပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတားဆေးတို့ကိုပေးကမ်းခြင်းဖြင့်ကျေးဇူး တုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူး တုံ့ပြန်ခြင်း ဟု ငါမဟော။
အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အသက် သတ်ခြင်းမှရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှရှောင်ကြဉ်၏၊ မုသားပြောဆိုခြင်းမှရှောင်ကြဉ်၏၊ မူးယစ်ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏၊ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့် ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်းကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူး တုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူး တုံ့ပြန်ခြင်း ဟု ငါဘုရားမဟော။
အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဘုရား၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ တရား၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ သံဃာ၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ အရိယာတို့သည် နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံ၏။ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတားဆေးတို့ကိုပေးကမ်းခြင်းဖြင့်ကျေးဇူး တုံ့ပြန်ခြင်းကိုကောင်းသော ကျေးဇူးတုံ့ပြန် ခြင်းဟု ငါဘုရားမဟော။
အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဒုက္ခသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခဖြစ်ကြောင်း 'သမုဒယသစ္စာ' ၌ ယုံမှားကင်း၏၊ ဒုက္ခချုပ်ရာ 'နိရောဓသစ္စာ' ၌ ယုံမှားကင်း၏၊ ဒုက္ခ၏ ချုပ်ရာ(နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သော 'မဂ္ဂသစ္စာ' ၌ ယုံမှားကင်း၏၊ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦး ကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူး တုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူး တုံ့ပြန်ခြင်း ဟု ငါဘုရားမဟော။ 378