အေးချမ်းသာယာရွှေသန္တာမှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday, 15 August 2012

ဘဒ္ဒန္တ ဒေါက်တာ ဥာဏိဿရ ၏ သြဝါဒကထာ

အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်၊ ကုသိနာရုံမြန်မာကျောင်းတိုက် ဆရာတော် (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တ ဒေါက်တာ ဥာဏိဿရ ၏ သြဝါဒကထာ
စုပေါင်းလုပ်ရတဲ့ နေရာမှာ တော်တဲ့ပုဂ္ဂိုလ်တွေကို နေရာပေးကြရမှာ ဖြစ်တယ်။  ဘယ်သူကတော်တယ် ဘယ်သူက မတော်ဘူးဆိုတာကို အချင်းချင်းသိနေကြတာပဲ။ ပြီးတော့ ကိုယ်ဖြစ်သင့်တယ် မဖြစ်သင့်ဘူးဆိုတာကို ကိုယ်ကိုယ်တိုင်လည်း သိရမှာဖြစ်တယ်။
အဲဒီလို သိတဲ့အတွက် မတော်တဲ့သူတွေက နောက်တန်းကနေပြီးတော့ တက်နိုင်တဲ့ဘက်မှာ ပါဝင်ကူညီဖို့ လိုအပ်တယ်။ တော်တဲ့ပုဂ္ဂိုလ်တွေကလည်း ဘဝင်မမြင့် မာနမကြီးကြဘဲ ရှေ့ကိုတိုးပြီးတော့ ပို၍ ပို၍ တိုးတက်အောင် ဆောင်ရွက်ရမယ်။ နိဂုံးချူပ်အနေနဲ့ ပြောလိုတာက တစ်ယောက်ကို တစ်ယောက်ခွဲခြားမဆက်ဆံဘဲ ကာယသမဂ္ဂီနဲ့ စိတ္တသမဂ္ဂီဆိုတဲ့ သမဂ္ဂီ နှစ်မျိုးလုံးကို တည်ဆောက်ပြီးတော့ အမျိုးဘာသာသာသနာ တိုးတက်ရာ တိုးတက်ကြောင်းအလုပ်တွေကို ကြိုးစား လုပ်ဆောင်ကြပါ။
      ဤ နေရာမှကူယူဖော်ပြပါသည်။www.ucmswt..org

Template by:

Free Blog Templates